International News

လုပ်ငန်းများမှ ငွေပြန်လည်ပေးသွင်းခြင်းအား ရပ်ဆိုင်းထားရန် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့မှ ဘဏ်များကို ညွှန်ကြားထားခြင်း

Last Updated:

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SME) အတွက် လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန် (၆)လစာ ချေးငွေ များပြန်ပေးခြင်းအား ရပ်ဆိုင်းထားရန် ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (Hong Kong’s Monetary Authority- HKMA)မှ ဘဏ်များအားလုံးကို ညွှန်ကြားခဲ့ကြောင်း၊ ထိုကဲ့သို့  ညွှန်ကြားခြင်းမှာ HKMA စတင်တည်ထောင်ခဲ့သည့် ၁၉၉၃ ခုနှစ်မှစတင်၍ ပထမဆုံးဖြစ်ကြောင်း၊ ညွှန်ကြားချက် တွင် ချေးငွေအား ပြန်ပေးရန် အချိန်ပေးထားမှုမှာ မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း၊ ကာလတို ချေးငွေများအတွက် (၃) လ အချိန်ပေး မည်ဖြစ်ကြောင်း၊ SME လုပ်ငန်း (၁၀) ခုမှ (၄) ခုတွင် အလုပ်သမား (၄၅) ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများ မဟုတ်ကြောင်း၊ ၎င်းတို့၏ လစာကို လာမည့်နှစ်တွင် (၇၅) ရာခိုင်နှုန်း တို့မြှင့်ပေးရန် မျှော်လင့်လျှက်ရှိကြောင်း၊ ငွေပြန်ပေးသွင်းရန် (၆) လ စောင့်ဆိုင်းပေးခြင်းဖြင့် လုပ်ငန်းများ ဒေဝါလီခံ ခြင်းနှင့် အလုပ်လက်မဲ့များ နည်းပါးစေရန် မျှော်လင့်နိုင်ကြောင်း၊ တစ်နှစ် လှည့်လည်ဝင်ငွေ ဟောင်ကောင်ဒေါ်လာ (၈၀၀) မီလီယံနှင့် ၎င်းပမာဏအောက်နည်းသော ဝင်ငွေရှိသည့် SME လုပ်ငန်းများအားလုံးအနေဖြင့် ချေးငွေပေးချေရန် (၆) လကြာ အချိန်ပေးခြင်းအား ခံစားခွင့်ရှိကြောင်း၊ ဟောင်ကောင်ဒေသရှိ ငွေချေးသူ (၈၀) ရာခိုင်နှုန်း အကျုံးဝင် လျှက်ရှိကြောင်း၊ လွန်ခဲ့သောရက် (၃၀) အတွင်း ဘဏ်သို့ငွေပြန်ဆပ်ရန် မရှိသူများအတွက် ယခုသတ်မှတ်ထားသည့် ကာလအတွင်း အတိုးနှုန်းကိုသာ ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်း၊ SME လုပ်ငန်းများ အတွက် ကြွေးမြီကိစ္စများကို ဖြေရှင်းရန်  (၆) လနေမှ ချေးငွေပြန်ဆပ်ရန် အချိန်လိုအပ်လျှက် ရှိကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးစိန်ခေါ်မှုများ ဖြစ်ပွားလျက်ရှိရာ ငွေသား စီးဆင်းမှု ဖိအားများ လျော့နည်းပပျောက်စေရန် ဘဏ်လုပ်ငန်းများအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ချေးငွေချေးရန် ကုမ္ပဏီများအနေဖြင့် ဘဏ်များကို ဆက်သွယ်စရာမလိုဘဲ ဘဏ်များက ကုမ္ပဏီများကို ဆက်သွယ်မည်ဖြစ်ပြီး ကုမ္ပဏီ များက (၁၄) ရက်အတွင်း ပြန်လည်ဖြေကြား ပေးရမည်ဖြစ်ကြောင်း၊ HKMA မှ အဆိုပါချေးငွေအစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော် နိုင်ရန် စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ HSBC ၊ Standard Charter ၊ Bank of China (Hong Kong) နှင့် Bank of East Asia တို့မှ အပြည့်အဝ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ ကုမ္ပဏီအများစုမှာ COVID-19 ဖြစ်ပွားမှုကြောင့် လုပ်ငန်းများပိတ်ရတော့မည်ဖြစ်ကြောင်း၊ လူများနေအိမ်များမှ အလုပ်လုပ်ခြင်းကြောင့် ခရီးသွား လုပ်ငန်း၊ စားသောက်ကုန်နှင့် အဖျော် ယမကာလုပ်ငန်းများနှင့် အားလပ်ရက်အပန်းဖြေလုပ်ငန်းများကို ထိခိုက်လျက်ရှိကြောင်း၊ အဆိုပါကဏ္ဍရှိ လုပ်ငန်းများမှာ  SME လုပ်ငန်းများဖြစ်ကြောင်း၊ SME လုပ်ငန်းများအတွက် ရာခိုင်နှုန်းပြည့် ချေးငွေအား ဟောင်ကောင်ဒေါ်လာ (၄) မီလီယံအထိ အာမခံထုတ်ချေးမည် ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရမှလည်း ဝန်ထမ်းအားလုံးအတွက် ပုံမှန်လစဉ် လစာ၏ တစ်ဝက်ဖြစ်သည့် ဟောင်ကောင်ဒေါ်လာ ၉၀၀၀ အား (၆) လကြာ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊  SME လုပ်ငန်း (၉၀၀၀) ခန့်မှာ လွန်ခဲ့သော (၂) လက ပေးခဲ့သော ပံ့ပိုးမှုအစီအစဉ်ဖြင့် ဘဏ်များ မှ ဟောင်ကောင်ဒေါ်လာ (၅၇) ဘီလီယံ လက်ခံရရှိခဲ့ ကြောင်း၊  ဒေသခံဘဏ်များမှလည်း ဟောင်ကောင်ဒေါ်လာ (၈) ဘီလီယံကျော်အတွက် တစ်ဦးချင်းစီမှ အပေါင်စာချုပ်များ၊ ချေးငွေ လျှောက်ထားမှုများ (၂၈၀၀) အတွက် ချေးငွေပြန်လည်ပေးသွင်းရမည့် အချိန်တို့ကို အတည်ပြု ပေးခဲ့ကြောင်း၊ သို့သော် အချို့သော ကိစ္စရပ်များတွင် အတည်ပြုချက်များမှာ နှေးကွေးခြင်းနှင့် လုံလောက်အောင်ကာမိခြင်းမရှိသောကြောင့် SME လုပ်ငန်းများအတွက် မသေချာမရေရာမှုများ လည်းရှိကြောင်း၊ တစ်ဦးချင်းစီအတွက် အာမခံပေးမှုများမှာလည်း ကြီးမားသည့် စိုးရိမ်မှုဖြစ် ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Enoch Yiu က “HKMA Orders banks to give Repayment Break” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News